|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အမှတ်တရ တိုက်ပွဲများ (အတွဲ ၁၆) (သူတို့တိုက်ခဲ့ကြသော ဟိုက်ကမ်းပါးနှင့် ခြူးရွှေပန်ကောက်တိုက်ပွဲကြီးများ)
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 243
- Binding: Paperback
- Publication Month Year: Jun-2014
- Size: 12 cm x 18 cm
|
- Description: ၁၉၇၁ ခုနှစ်က ဗကပနှင့် မြန်မာ့တပ်မတော်တို့၏ အားစမ်းပွဲကြီးတစ်ခုသည် မြန်မာနိုင်ငံအရှေ့မြောက် ကွန်လုံဒေသတွင် ဖြစ်ပွားခဲ့သည်။ ဗကပ အင်အား ၄ ထောင်ကျော်သည် ကွန်လုံကို ဝိုင်းပတ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ လူအင်အား လက်နက်အင်အား မမျှတမှုကြောင့် တပ်မတော်စခန်းများသည် တစ်ခုပြီး တစ်ခု ကျရှုံးခဲ့ကြသည်။ နောက်ဆုံးတွင် မြို့၏ မြောက်ဘက်ရှိ အချက်အချာကျသော ဟိုက်ကမ်းပါးကို ဗကပတို့က သူတို့၏တပ်ရင်းကြီး ၂ ရင်း၊ လူအင်အား တစ်ထောင်ကျော်ဖြင့် ဝင်တိုက်ခဲ့ရာ မြန်မာတပ်မတော်က အကျအဆုံးများစွာဖြင့် အသေအလဲခုခံခဲ့ခဲ့ရသည်။ ယခုစာအုပ်သည် ထိုတိုက်ပွဲကြီးအကြောင်းကို တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဗိုလ်မှူးကြီးမြင့်ကျော်နှင့် ဒုဗိုလ်မှူးကြီးမောင်မောင်သန်းတို့၏ ရေးသားပြောဆိုချက်များကို မှီးကာ ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုခေတ်ထိုအခါက ဗကပတို့၏ နိုင်ငံရေး, စစ်ရေးအခြေအနေများ၊ ကွန်လုံတိုက်ပွဲအောင်နိုင်ရေးသည် ဗကပတို့အတွက် မည်သို့အရေးပါပုံ၊ ဗကပတို့ အသုံးပြုခဲ့သည့် စစ်ရေးနည်းဗျူဟာများ၊ မြန်မာ့တပ်မတော်အသုံးပြုခဲ့သည့် စစ်ရေးနည်းဗျူဟာများ၊ တိုက်ပွဲဖြစ်စဉ်အသေးစိတ်တို့ကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။ ထို့ပြင် ၁၉၇၇ ခုနှစ် အောက်တိုဘာလက ကွန်လုံ အရှေ့ခြမ်း ဟိုပန်ဒေသတွင် ဖြစ်ပွားခဲ့သော ခြူးရွှေပန်ကောက်တိုက်ပွဲအကြောင်းကိုလည်း အပိုင်း (၂) အနေဖြင့် ရေးသားမှတ်တမ်းတင်ပေးထားသည်။ ခြူးရွှေပန်ကောက်တိုက်ပွဲအကြောင်းအရာများမှာ ၂ဝ၁ဝ ခုနှစ်က စာရေးသူရေးသားခဲ့သော ကွန်လုံရက် (၄ဝ) တိုက်ပွဲပြီးနှင့် ၂ဝ၁၂ ခုနှစ်က ရေးသားခဲ့သော ခြူးရွှေပန်ကောက်တိုက်ပွဲ၏ အဆက်ဖြစ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် ဗိုလ်မှူးညွန့်အောင်၊ ဗိုလ်ကြီးခင်မောင်ဦးအပါအဝင် စစ်သည်များ၏ ကိုယ်တွေ့များ၊ စစ်မြေပြင်အတွေးများနှင့် ခံစားချက်များကို အသားပေးဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|