|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာပြက္ခဒိန်သည် နေသွားနှုန်း၊ လသွားနှုန်း (၂) မျိုးကို ညှိနှိုင်းတွက်ချက်ရသည့်အပြင် ဗုဒ္ဓဘာသာဆိုင်ရာ ဝိနည်းတော်နှင့်ပါ ထပ်ဆင့် ညှိနှိုင်းရသဖြင့် ရှေ့လာမည့်နှစ်ပေါင်းများကို ကြိုတင်တွက်ချက် သတ်မှတ်အတည်ပြုရန် ခက်ခဲလေ့ရှိသည်။ ယခုစာအုပ်တွင် မြန်မာပြက္ခဒိန်နှင့် ပတ်သက်သည့် မြန်မာတွက်ရိုးများကိုသာမက ခေတ်မီနက္ခတ္တဗေဒနည်းစနစ်များကိုပါ ပူးတွဲဖော်ပြထားသည့်အပြင် ဆက်စပ်လျက်ရှိသည့် သင်္ကြန်တွက်ရိုးများကိုပါဖော်ပြထားသည်။ ထို့ပြင် မြန်မာလူမှုရေးနယ်ပယ်တွင် ရှိနေသော အလေ့အထများကို အခြေခံလျက် တစ်နှစ်အတွက် ဆောင်ရန် ရှောင်ရန်၊ နေ့အလိုက်ပြုလုပ်နိုင်သော လုပ်ငန်းကိစ္စများ၊ ရက်ရာဇာ၊ ပြဿဒါးနေ့ရက်များ၊ နဂါးလှည့်နှင့် ရက်ကောင်းရက်မြတ်များ၊ ဝါရမိတ္တူရက်များတို့ကိုပါ အသေးစိတ် တင်ပြထားသည့်အတွက် ပြက္ခဒိန်ပညာကို လေ့လာတတ်မြောက်လိုသူတိုင်း လက်ကိုင်ထား လေ့လာကိုးကားသင့်သော စာအုပ်တစ်အုပ်ပင် ဖြစ်သည်။ ပါဝင်သော အခန်းခေါင်းစဉ်များမှာ မြန်မာပြက္ခဒိန်အခြေခံများ၊ ပြက္ခဒိန်သမိုင်း၊ မြန်မာပြက္ခဒိန် တွက်နည်း၊ သင်္ကြန်၊ မြန်မာပြက္ခဒိန် အင်္ဂါရပ်များ၊ ဝါထပ်ရက်ငင် အယူအဆနှင့် ပြဿနာများတို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|