|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: The Voice Daily သတင်းစာပါ စာရေးသူ၏ ဆောင်းပါး (၁၅) ပုဒ်ကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ပါဝင်သော ဆောင်းပါးများမှာ ဆင်းရဲမွဲတေမှု မြင့်တက်လာရခြင်း၏ အကြောင်းရင်း၊ ဆန့်ကျင်ဘက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တကယ်ချစ်ရင်၊ တကယ်သတ္တိရှိရင်၊ ဘယ်သူ့ကိုမှ လက်မခံဘူး၊ ဘယ်သူ့သားလဲ၊ ဘာကြောင့် မတွေ့နိုင်ကြတာလဲ၊ ဘုရားရှင်ထက် တစ်လကြီးကြသူများ၊ ယုံကြည်ကိုးကွယ်မှု၊ မြတ်သောအလှူခံ၊ သံဃိကကျောင်း၊ သတိ မမေ့ပါနဲ့၊ အဓိကတရားခံ၊ အသည်းထဲက နာတယ်၊ လမ်းမခွဲခင်တို့ ဖြစ်ကြသည်။ မတရားမှုများ၊ မညီမျှမှုများ၊ အသာစီးရလိုမှုများ ပပျောက်သွားစေရန်အတွက် နိုင်ရာဝန်ကို ထမ်းဆောင်သည့်အနေဖြင့် အသက်နဲ့ဘဝကို ကံတရားနဲ့ လောင်းကြေးထပ်ပြီးမှ ဤစာအုပ်ပါ ဆောင်းပါးများကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လူငယ်စာဖတ်ပရိသတ်များ ဘာသာရေးအသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤစာအုပ်ပါ ဆောင်းပါးများက အထောက်အကူပြုသည်ဆိုပါက စိတ်ပင်ပန်း လူပင်ပန်းခံ ရေးသားရကျိုး နပ်ပြီဖြစ်ကြောင်း၊ လူ့ပတ်ဝန်းကျင်ထဲက မတရားမှုများ၊ မညီမျှမှုများ၊ အသာစီးရလိုမှုများကို ဖယ်ရှားရှင်းလင်းခြင်း ပြုရာ၌ ယခုစာအုပ်ပါ ဆောင်းပါးများက တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်နိုင်သည်ဆိုက ဘယ်လိုကံကြမ္မာမျိုးနဲ့ပဲ ကြုံတွေ့ရသည်ဖြစ်ပါစေ စာရေးသူအနေဖြင့် နောင်တလုံးဝရမည် မဟုတ်ကြောင်း၊ ယခုစာအုပ်ပါဆောင်းပါးများသည် စာရေးသူ၏ ယခင်စာအုပ်များကဲ့သို့ ပညာရှိသူတော်ကောင်းများ၏ စိတ်နှလုံးကို ရွှင်ပြုံနှစ်သက်စေမည်ဟု မျှော်လင့်ပါကြောင်း အမှာစာတွင် ဆိုထားသည်။ စာရေးဆရာ မင်းဒင်ကလည်း အမှာစာရေးပေးထားရာ၌လည်း “ ... ဤစာအုပ်သည် အလွန်ကောင်းမွန်ပါသည်ဟု မဆိုချင်သော်ငြား၊ အမှန်ကို ရဲဝံ့စွာ ထောက်ပြဝေဖန်တတ်သူရှားသည့် ခေတ်ကာလကြီးတွင် ဖတ်ထိုက်သည်ကား သေချာလှပါ၏။” ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|