|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မဆလ လက်ထက်က စစ်အာဏာရှင်များ၏ အငြိုငြင်ခံရသည့် သတင်းဆရာတစ်ယောက်၊ (၈၈) အရေးတော်ပုံကာလတွင် တော်လှန်တက်ကြွသည့် သတင်းစာနှင့် စာပေအသိုင်းအဝိုင်းကို ဦးဆောင်ခဲ့သူ၊ ၈၈ နောက်ပိုင်း ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းလုံးများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါဝင်ခဲ့သူ၊ ထို့နောက် စစ်အကျဉ်းထောင်ထဲ နှစ် (၂ဝ) နီးပါး လူ့ငရဲတစ်မျှ ခါးသည်ပြင်းထန်လှသည့် စစ်အာဏာပိုင်များ၏ လူမဆန်သည့် နှိပ်စက်ညှင်းပန်းမှုများကို ကြံ့ကြံ့ခံရင်း မိမိယုံကြည်ချက်ကို မစွန်လွှတ်ဘဲ ဒီမိုကရေစီတိုက်ပွဲအောင်လံကို အမြင့်မားဆုံး လွှင့်တင်နိုင်ခဲ့သူ၊ ထိုကြောင့်လည်း ဒီမိုကရေစီဘက်တော်သားများ၏ သံမဏိသူရဲကောင်းအဖြစ် တန်ဖိုးထားလေးစားခြင်းကို ခံခဲ့ရသူ ဟံသာဝတီ ဦးဝင်းတင်၏ ဘဝဖြစ်စဉ် (ဒုတိယပိုင်း) ဖြစ်သည်။ ယခုအတွဲတွင် ၈၈ အရေးအခင်း အစပိုင်းကာလနှင့် အရေးအခင်းဖြစ်ပွားစဉ် သူ၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သို့ လက်တွဲမိခဲ့ပုံ၊ သမိုင်းဝင် ရွှေတိဂုံအနောက်မုခ် လူထုစည်းဝေးပွဲကြီးအကြောင်း၊ စစ်တပ်မှ အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးစ အခြေအနေ၊ NLD စတင်တည်ထောင်ပုံနှင့် တည်ထောင်ခါစ ပါတီနိုင်ငံရေးဂယက်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLDနှင့် တပ်ပေါင်းစု ပြဿနာ၊ အာဏာဖီဆန်ရေးနှင့် ဖုန်းမော်နှစ်ပတ်လည် လှုပ်ရှားမှု အစရှိသည်တို့ကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|