|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- တစ်ခါတုန်းက မြန်မာပြည်မှာ (၁၉၈၈ - ၂၀၁၅) (စစ်အစိုးရလက်ထက် သမိုင်းဝင်မည့် အမှားများနှင့် ဖြစ်ရပ်မှန် မှတ်တမ်းများ) (အတွဲ ၁)
-
-
Author(s):
မာန် (တောင်လုံးပြန်)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 248
- Binding: Paperback
- Publication Month Year: Jan-2016
- Size: 13 cm x 21 cm
|
- Description: ထောင်ဒဏ် ၂၃ နှစ်ဖြင့် စစ်အစိုးရ၏ အငြိုးတကြီး မုန်းတီးမှုကို ကြံ့ကြံ့ခံခဲ့သူ ဦးစိုးလှိုင် (သာယာဝတီ / သုံးဆယ်)၊ နိုင်ငံရေးကို နှလုံးသားအသိဖြင့် တည်ဆောက်ခဲ့သူ ကိုဇော်မင်း (ခ) ဘောင်းဘောင်း၊ တည်ငြိမ်သော နှလုံးသားဖြင့် နိုင်ငံရေးလောကဓံကို ဖြတ်သန်းခဲ့သူ ကိုအောင်နိုင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ် မိတ်ဆွေဝတ္တရားပီသစွာ အတူနေထိုင်ပေးခဲ့သူ အန်တီ ဒေါ်ခင်ဝင်း (ဝက်ထီးကန်)၊ မိမိဒဏ်ရာထက် သူတစ်ပါးတို့၏ ဒဏ်ရာများကို စာနာနားလည်သူ မချိုနွယ်ဦး၊ ခါးသီးသော နိုင်ငံရေးလောကဓံကို ခါးစည်းကာ ကြံ့ကြံ့ခံခဲ့သည့် ဒေါ်ဝါဝါကျော် (ဟင်္သတ)၊ ဗိုလ်ချုပ်ပုံနှင့် ၈၈ ကိုမာကီ (၈၈ မျိုးဆက် ငြိမ်း/ပွင့်)၊ ၊ ၈၈ ကျောင်းသားအရေးတော်ပုံကာလကို ကိုယ်တွေ့ဖြတ်သန်းရင်း တက္ကသိုလ်တွင်း လှုပ်ရှားမှုကြားမှ မိုးကလျာဦး (ခင်ငြိမ်းသစ်)၊ တောင်တွင်းကြီး နိုင်ငံရေးနှင့် အကျဉ်းစံ နိုင်ငံရေးပုံရိပ်များကြားက ကိုသန်းနိုင် (တောင်တွင်းကြီး NLD)၊ ချောက်မြို့၏ နွေဦးရာဇဝင်ထဲက အဘညို (ဘညိုသွေး)၊ ကရင်ပြည်နယ်မှာ တောခို အကျဉ်းတောင်မှ ၁၁ နှစ်ကျော်နှင့် နိုင်ငံရေးခရီးကို နှင်နေဆဲ ကိုကျော်မျိုးမင်း (ဘီးလင်း NLD)၊ ပါဂျောင်စခန်း အဖြစ်ဆိုးများမှ ရက်စက်ညှင်းပန်းမှုများကို ဉာဏ်ရည်သုံးကာ ကျော်ဖြတ်ခဲ့သူ ကိုကျော်နိုင်ကြီး (သာယာဝတီ)၊ တိုင်ပြည်ငြိမ်းချမ်းရေး ၅ မိနစ် တောင်းဆိုမှုအတွက် ထောင် (၇) နှစ်ကျခံခဲ့ရသည့် ဆရာတော် ဦးကေသဝ အစရှိသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများ၏အကြောင်းနှင့် သူတို့၏ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးလှုပ်ရှားမှုများကို ဤစာအုပ်တွင် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|