|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: သာသနာတော်တွင် “နေလို, လလို” ထင်ရှားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်၊ “ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက”၊ “ရွှေဟင်္သာဝံသ သံဃ မဟာနာယကာဓိပတိ”၊ “အဂ္ဂမဟာပဏ္ဍိတ”၊ “အဘိဓဇမဟာရဋ္ဌဂုရု” အပါအဝင် ဘွဲ့ထူးဂုဏ်ထူးတို့ဖြင့် ချီးကျူးပူဇော်ခြင်း ခံရသူ၊ မင်္ဂလသုတ်လက်စွဲ, ကာယာနုပဿနာကျမ်းအစရှိသည့် ထင်ရှာကျော်ကြားလူကြိုက်များသည့် လက်ရာကျမ်းစာများကို ရေးဖွဲ့ခဲ့သူ ဒွါဒသမ ရွှေကျင်သာသနာပိုင်ဆရာတော် စစ်ကိုင်းရွှေဟင်္သာတိုက်သစ် ရွှေဟင်္သာဆရာတော်၏ ၈၅ နှစ်တာ ဘဝခရီးကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသော စာအုပ်ဖြစ်သည်။ ရေးသားမှတ်တမ်းတင်သူ ပါမောက္ခချုပ်ဆရာတော်သည် ဤစာအုပ်ကို တစ်နှစ်ကျော်ကြာအချိန်ယူ ရေးသားမှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။ စာအုပ်ကို ရေးသားရာတွင် စနစ်တကျရှိခြင်း၊ အကြောင်းအရာတိကျမှန်ကန်ခြင်း၊ သူ့နေရာနှင့်သူ အပိုအလိုမရှိ အံဝင်ဂွင်ကျ ဖော်ပြတတ်ခြင်းတို့ကို တွေ့ရသည်ဟု စစ်ကိုင်းတောင်ရိုး ဝေဇယန္တာချောင်မှ အရှင်မဟောသဓပဏ္ဍိတက အမှာစာတွင် ရေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|