|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာတို့၏ ယဉ်ကျေးမှု အဆင့်ဆင့် တိုးမြင့်လာသော အကြိုသမိုင်းကာလတွင် ပျူတို့သည် AD (၁) ရာစုမှ (၉) ရာစုတိုင်အောင် မြို့ပြနိုင်ငံများ တည်ထောင်ကာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစွာ နေထိုင်ခဲ့ကြကြောင်း ရှေးဟောင်းမြန်မာ့သမိုင်းမှတ်တမ်းများအရ တွေ့ရှိရမည် ဖြစ်သည်။ ဟန်လင်းမြို့တော်သည် သမိုင်းမှတ်တမ်းများ၊ ဒေသဆိုင်ရာ ရာဇဝင်များအရ မင်းဆက်ပေါင်း (၇၉၉) ပါး စိုးစံခဲ့ပြီး မင်းဆင်း (၈ဝဝ) မြောက် ပျူမင်း၊ ပြုံးမင်းများတို့ လက်ထက်တိုင်အောင် မြို့ပြနိုင်ငံတော်အဖြစ် ထင်ရှားခဲ့သည်။ ဟန်လင်းသည် ပျူမြို့ပြနိုင်ငံတစ်ခုအဖြစ် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သည်ကို ၎င်းဒေသမှ ရရှိသော မြေပေါ်မြေအောင် အထောက်အထားများအရ သိရှိကြရပြီဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သော ပျူသုံးမြို့ထဲတွင် ဟန်လင်းကို အစောဆုံး မြို့ပြအဖြစ် သတ်မှတ်ခဲ့ပြီ ဖြစ်သည်။ ဟန်လင်းမြို့ဟောင်းကို ၁၉ဝ၅ ခုနှစ်တွင် ကမ္ဗည်းကျောက်စာဝန် မစ္စတာ တော်စိန်ခိုက စတင်ကာ ပမာဏစမ်းသပ်တူးဖော်ပြီးခဲ့ရာ ယနေ့အထိ ကုန်းပေါင်း (၃၈) ကုန်းကို သုတေသနပြုခဲ့ပြီး ဖြစ်သည်။ ယခုစာအုပ်သည် အဆိုပါ တူးဖော်တွေ့ရှိပြီး သုတေသနပြုချက်များကို မှတ်တမ်းအဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ကုန်းပေါင်း (၃၈) ကုန်း၏ တည်နေရာ၊ GPS Point၊ တူးဖော်သည့် ခုနှစ်၊ တူးဖော်သည့်အဖွဲ့၊ တူးဖော်ရရှိသည့် အဆောက်အအုံ၊ အရွယ်အစား၊ ဆောက်လုပ်မှု၊ တူးဖော်တွေ့ရှိသည့် ပစ္စည်း၊ မြေလွှာလေ့လာမှု၊ သက်တမ်း၊ ပြုပြင်ထိန်းသိမ်းမှု၊ လက်ရှိအခြေအနေ၊ သုံးသပ်ချက်များကို မှတ်တမ်းတင်ဓာတ်ပုံများနှင့်တကွ အင်္ဂလိပ် + မြန်မာ ၂ ဘာသာ ဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|