|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အသရေဖျက်မှုအပါအဝင် ပုဒ်မပေါင်း ၂ဝ ကျော်ဖြင့် စွဲချက်တင်ခံရသော NLD မှ ဦးထွန်းထွန်းဟိန်၏ သမီးရင်းဖြစ်သူ၊ နှစ်ပေါင်း နှစ်ဆယ်ခန့် သတင်းလုပ်ငန်းတစ်ခုတည်းကိုသာ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ၊ မြစ်မခသတင်းအေဂျင်စီ၏ ပဲ့ကိုင်ရှင် စာရေးသူက သူ့ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် ဒုက္ခ၊ သုခ၊ အားနည်းချက် အမှားများနှင့်တကွ ရရှိခဲ့သည့် ဘဝသင်ခန်းစာများ၊ ဆယ်ကျော်သက်ဘဝ၊ နိုင်ငံရေးသမားဘဝ၊ သတင်းသမားဘဝ၊ ဇနီးမယားဘဝ၊ မိခင်ဘဝဖြတ်သန်းမှုများကို ဤစာအုပ်တွင် အပိုင်း (၅) ပိုင်းခွဲ၍ အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ “သမီးကြီးမှ နိုင်ငံရေးမြစ်တစ်စင်းကို ကူးရဲမည့်သတ္တိကို သူ့အဖေက ပေးအပ်ခဲ့ပြီ ဖြစ်သောကြောင့် သူ့အဖေသွေးမို့ ကျွန်မသဘောမကျသည်ဖြစ်စေ၊ သဘောကျသည်ဖြစ်စေ သူမမှာ ကူးခတ်ရဲသည့်သတ္တိက ရှိနှင့်ပြီးဟုသာ တင်ပြလိုပါတော့သည်။”ဟု အမှာစာရေးသူ ဒေါက်တာစိန်စိန်သိန်းက ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|