|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အိမ်စောင့်အစိုးရ (ရှုထောင့်အချို့မှ ဒီမိုကရေစီကို စမ်းသပ်ခြင်း) (၁၉၅၈ - ၆၀ အိမ်စောင့်အစိုးရကို ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး၏ မှတ်တမ်း)
-
-
Author(s):
ဗိုလ်မှူးချုပ်(ဟောင်း) မောင်မောင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 554
- Binding: Paperback
- Publication Month Year: Dec-2018
- Size: 20 cm x 27 cm
|
- Description: ဗိုလ်ချုပ်အောင်ဆန်း၏ ပထမဦးဆုံး ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ဗမာ့တပ်မတော်၏ ပထဆုံး လေ့ကျင့်ရေး ညွှန်ကြားရေးမှူး၊ DSA, OTSနှင့် စစ်ဦးစီးအရာရှိကောလိပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူ၊ မြောက်ပိုင်းတိုင်းမှူးတာဝန်ထမ်းဆောင်စဉ် KNDO တို့၏ ဖမ်းဆီးခြင်းကို ခံရကာ သံတောင်ဒေသတွင် တစ်နှစ်ခွဲကျော်ကြာ အချုပ်အနှောင်ခံရရာမှ မြန်မာ့တပ်မတော်ကွန်မန်ဒိုများ၏ ကယ်ဆယ်မှုကြောင့် လွတ်မြောက်ခဲ့သူ၊ အိမ်စောင့်အစိုးရကို ဗိုလ်ချုပ်နေဝင်းနှင့်အတူ ဦးဆောင်ပါဝင်ခဲ့သူ၊ ၁၉၆၁ ခုနှစ်၌ ဗိုလ်ချုပ်နေဝင်းနှင့် စကားများ ကတောက်ကဆဖြစ်ရာမှ တပ်မှထွက်ကာ သံအမတ်ရာထူးဖြင့် အဝေးတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် Some Aspects of the “Care-Taker Government” (An Experiment in Democratic Process) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ စာအုပ်တွင် လွတ်လပ်ရေးကြိုးပမ်းမှုခေတ် အတွေ့ွှကြုံများ၊ ဖဆပလခေတ် နိုင်ငံရေးဇာတ်ခုံနှင့်အတူ အိမ်စောင့်အစိုးရ ဖြစ်ပေါ်လာရာတွင် သူပါဝင်ခဲ့သည့် အခန်းကဏ္ဍ၊ သူနှင့် ဗိုလ်ချုပ်နေဝင်း အကွဲအပြဲ၊ မြန်မာ့နိုင်ငံရေး၌ စီအိုင်အေ ပါဝင်ပတ်သက်မှုတွင် သူပါဝင်မှု ရှိ မရှိ အစရှိသည်တို့ကို ခရေစေ့တွင်းကျ အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။ ထို့ပြင် ထိုခေတ် ထိုအခါက စစ်ဖက်တွင် ထိပ်ပိုင်းတာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီး အပါအဝင် ပုဂ္ဂိုလ်များအကြောင်းကိုလည်း အဆိုးအကောင်းအားလုံး မချွင်းမချန် ရေးသားဖော်ထုတ်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|