|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- တိုပက်(ဇ်)
-
-
Author(s):
ထွန်းသစ်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 264
- Binding: Paperback
- Publication Month Year: Jul-2019
- Size: 15 cm x 21 cm
|
- Description: “အိပ်ဇိုးဒပ်” စာရေးဆရာ Leon Uris ရေးသားပြီး နယူးယောက်တိုင်းမ် အရောင်းရဆုံး စာရင်းစာအုပ် Topaz စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အသက်အန္တရာယ်ကြောင့် အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံခဲ့သူ ဆိုဗီယက် KGB အရာရှိ ကာရစ်ကုဇနက်တော့ဗ်၊ ထိန်းသိမ်းစောင့်ရှောက်ထားရသော KGB အရာရှိ ခေါင်းဆောင်ထံမှ ရရှိသော သတင်းများကို လေ့လာစိစစ်ရသူ CIA အရာရှိ နော့ဒ်စထရွမ်၊ CIA၏ အကူအညီ တောင်းခံမှုကြောင့် ကျူးဘားနိုင်ငံထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ရုရှားတို့ ဖြန့်ကျက် ထားသည့် ဒုံးပျံများကို ထောက်လှမ်းပေးခဲ့သော ပြင်သစ်ထောက်လှမ်းရေးအရာရှိ အင်ဒရေးဒဲဗားရိုး၊ တံခါးအားလုံးပိတ်ထားသည့် ကျူးဘားနိုင်ငံတွင်းမှ သက်စွန့်ကြိုးပမ်း ထောက်လှမ်းပေးသူ ဟွမ်နီတာ၊ ပြင်သစ်သမ္မတရုံး၏ စီမံခန့်ခွဲရေးမှူး ရာထူး ရယူထားသဖြင့် သမ္မတကို သတင်းမှားများ ပေးကာ ပြင်သစ်နိုင်ငံနှင့် NATO အဖွဲ့ကြီးတို့၏ ကံကြမ္မာကို စိတ်ကြိုက်ပုံဖော်နေသော ဂျက်ဂရင်းဗီးတို့ ဖြင့်ဇာတ်အိမ်ဖွဲ့ထားခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးပျံအရေးအခင်းကို အခြေခံကာ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတို့၏ နိုင်ငံရေးလှည့်ကွက်များနှင့် သံတမန်တို့၏ မျက်နှာဖုံးကို ချွတ်ခွာပြထားသော လျှို့ဝှက်သည်းဖို ဝတ္ထုဖြစ်သည်။ စစ်ရေး၊ အချစ်ရေး၊ နိုင်ငံရေး၊ လျှို့ဝှက်ထောက်လှမ်းရေး တို့ဖြင့် ပြည့်နှက်နေသော်လည်း အရေးသွက်သဖြင့် ဖတ်ရသွက်လှသောစာအုပ်ဖြစ်သည်ဟု အမှာစာရေးပေးသူတစ်ဦးက ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|