|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပဉ္စလက် ငွေကြေးသစ်ပင် (ကပ်ဘေးအကြို၊ ကပ်ဘေးကာလနှင့် ကပ်ဘေးအလွန် စီးပွားရေးဆိုင်ရာ ဖြစ်ရပ်မှန်များ)
-
-
Author(s):
ကျော်စိုးမင်း
- Type: Myanmar Books
-
Category:
ကုန်သွယ်ရေး / စီးပွားရေး
- No of Pages: 168
- Binding: Paperback
- Publication Month Year: Jul-2022
- Size: 15 cm x 22 cm
|
- Description: Lorenzo Forni ရေးသားသည့် The Magic Money Tree and Other Economic Tales စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ COVID-19 ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများ၊ အကျပ်အတည်းများကြောင့် စီးပွားရေးမူဝါဒများ ပြောင်းလဲလာပုံ၊ စီးပွားရေးပညာရှင်များနှင့် နိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများဖြစ်ပေါ်လာပုံ၊ နိုင်ငံရေးသမားများ၏ အမှားအယွင်းများသည် မှားနေမှန်းသိပါလျက်နှင့် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ရှေ့ဆက်ကြပုံအကြောင်းကို လေ့လာသုံးသပ်ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။ စီးပွားပျက်ကပ်အတွင်း ချင်းနင်း ဝင်ရောက်နေပြီဟု ပြောနေကြသည့် လက်ရှိအခြေအနေ ဖြစ်ရခြင်း၏ အကြောင်းရင်းများ၊ ကပ်ရောဂါဆိုးနှင့်ဆိုင်သော ဘောဂဗေဒပညာရပ်အကြောင်း၊ ကပ်ဘေးအကြိုကာလအခြေအနေများ၊ ကပ်ဘေးကာလအခြေအနေများနှင့် ကပ်ဘေးအလွန် ဖြစ်လာနိုင်သည့်အခြေအနေများကို သုံးသပ်ဖော်ပြထားသည်။ နိုင်ငံတစ်နိုင်ငံအတွက် ကိုင်တွယ်ဖြေရှင်းရမယ့် စီးပွားရေးမူဝါဒများပုံစံ၊ နိုင်ငံတစ်ခုစီ၏ မူဝါဒ၊ အယူအဆအပေါ်အခြေခံပြီး အသုံးဝင်မည့် အခြေခံသဘောတရားများကို ဖော်ပြပေးထားပြီး နိုင်ငံတစ်ခုချင်း၏ အခြေအနေ၊ လက်ရှိတစ်ဦးချင်းစီးပွားရေးအတွက် ရပ်တည်နိုင်ရေး အကျပ်အတည်းကာလကို ကျော်ဖြတ်နိုင်ရေး အခြေအနေများ၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတို့အတွက် ခန့်မှန်းခြေရသုံးငွေစာရင်း (ဘတ်ဂျက်) သဘာဝ၊ အကျပ်အတည်းသဘာဝ၊ အန္တရာယ်ရှိနိုင်သည့်အခြေအနေများကို လေ့လာဆန်းစစ်တွက်ချက်ကြည့်နိုင်ရန် ပုံသေနည်းများ၊ ပုံသေနည်းတစ်ခုချင်းအကြောင်းတို့ကို ရှင်းလင်းဖော်ပြပေးထားသည်။ မိမိနိုင်ငံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတို့ ကပ်ဘေးကို ကျော်လွှားနိုင်၊ မကျော်နိုင်နှင့် ကြုံတွေ့နေရသည့်အခက်အခဲအား မည်သို့ဖြေရှင်းကျော်လွှားရမည်ကို လက်တွေ့ တွက်ချက်ကြည့်နိုင်မည်ဖြစ်သည်ဟု စာအုပ်စီစဉ်သူက ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|