|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: သာမန်မိသားစုဘဝမှ တပ်မတော် (လေ) တွင် အမှုထမ်းလိုသောကြောင့် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သူ၊ တပ်မတော် (လေ)တွင် ဒုတိယဗိုလ်အဖြစ်မှ ဗိုလ်ချုပ်ကြီးအဆင့်အထိ အဆင့်အသီးသီးကို တာဝန်ထမ်းဆောင်ခဲ့သူ၊ တပ်မတော်သားတစ်ဦး၏ အတွေ့အကြုံများနှင့် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရသော စာရေးသူက သူ၏ စစ်ဘက်၊ အရပ်ဘက်အတွေ့အကြုံများအပြင် မိသားစုဘဝမှ ခါးသီးသော အတွေ့အကြုံများကိုပါ ရေးသားတင်ပြထားခြင်း ဖြစ်သည်။ တပ်မတော် (လေ) တွင် ၃၇ နှစ်ကြာ တာဝန်ထမ်းဆောင်ရင်း တွေ့ကြုံခဲ့ရသည့် လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ စစ်ဆင်ရေးများ၊ အသံထက်မြန်သော လေယာဉ်ကို ပထမဆုံး မောင်းနှင်ပျံသန်းခဲ့သူတစ်ယောက်၏ ခံစားရမှုများ၊ တပ်မတော် (လေ) ခေတ်မီတိုးတက်ရေး အစဦးကာလတွင် ပါဝင်ပတ်သက်ခဲ့ရမှုများ၊ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခဲ့ရမှုများ၊ မမျှော်လင့်ဘဲ ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်ကို ယူခဲ့ရသည့်အခြေအနေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဘဝတွင် တပ်မတော် (လေ) ပြုပြင် ပြောင်းလဲရေး၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတပ်မတော်များ၊ တပ်မတော် ခေါင်းဆောင်များနှင့် အပြန်အလှန်ဆက်ဆံခဲ့ရသည်များ၊ သမ္မတကြီး ဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရလက်ထက်တွင် ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခံရပုံ၊ ပြည်ထောင်စုဝန်ကြီးတာဝန်သက်တမ်းသည် နှစ်နှစ်ခွဲသာ ရှိသော်လည်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲတွင် ပါဝင်ပတ်သက်ရပုံ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပုံရိပ်ကောင်းမွန်စေရေး အတွက် အောက်ခြေသိမ်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခဲ့ရပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|