|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဉာဏမြေပုံ
-
-
Author(s):
ချမ်းမြေ့ဝင်း
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 420
- Binding: Paperback
- Publication Month Year: Jun-2025
- Size: 14 cm x 21 cm
|
- Description: Eric Weiner ရေးသားသည့် The Geography of Genius: A Search for the World's Most Creative Places from Ancient Athens to Silicon Valley စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ပါရမီရှင်၊ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိသလဲ၊ မျိုးရိုးဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား၊ စည်းစိမ်ကြွယ်၀မှုကြောင့်လား၊ ပညာရေးနောက်ခံတွေကြောင့်လား၊ သို့မဟုတ် မှန်းဆတွက်ချက်လို့ မရသည့် အခြားအခြားသော လျှို့ဝှက်ဖော်မြူလာများ ရှိနေသလား ... ၎င်းမေးခွန်း၏ အဖြေရှာရန်အတွက် မူရင်း စာရေးသူသည် ကမ္ဘာကျော် ပါရမီရှင်တွေ ထွန်းကားခဲ့ရာ အေသင်၊ ဟန်ဂျိုး၊ ဖလော်ရန့်စ်၊ ကာလကတ္တား၊ အက်ဒင်ဘရာ၊ ဗီယင်နာ စသည့် နေရာဒေသများ၊ ယနေ့အချိန်အထိ ကမ္ဘာကို လှုပ်ကိုင်ပြောင်းလဲနေစေသေးသော ဆီလီကွန်တောင်ကြားများဆီ ကိုယ်တိုင်သွားရောက် လေ့လာခဲ့သည်။ ဉာဏ်ကြီးရှင်ကြီးများဖြစ်သော ဆိုခရေးတီးစ်၊ ဆစ်ဂမန်ဖရွိုက်၊ လီယိုနာဒိုဒါဗင်ချီ၊ အက်ဒမ်စမစ်၊ စတိဂျော့ဗ် စသည့်ပုဂ္ဂိုလ်များ၏ ဉာဏခရီးဖြတ်သန်းမှုများကိုလည်း စေ့စေ့စပ်စပ် အဖြေရှာကြည့်ခဲ့သည်။ ထိုခရီးစဉ်၏ အဖြေကို ယခုစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။ ‘သုခမြေပုံ’ စာအုပ်၏ အဆက်ဟု ပြောလို့ရသည့် ဤဉာဏမြေပုံ စာအုပ်သည် ဉာဏ်ပညာထွန်းကားတိုးတက်ဖို့အတွက် မည်သည့်အချက်များ အဓိကကျသည်ဆိုသည်ကို အဖြေထုတ်ပေးမည်ဖြစ်သည်။
|
|
|
|
|
|
|
|
|