|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဗုဒ္ဓပေးသော ဘဝနေနည်းများ (ကစဉ့်ကလျားကမ္ဘာကြီးမှာ တည်ငြိမ်ရောင့်ရဲစွာ နေထိုင်နည်းများ)
-
-
Author(s):
ဇော်ဝင်းကြူ (ပျဉ်းမနား)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 376
- Binding: Paperback
- Publication Month Year: Oct-2025
- Size: 14 cm x 21 cm
|
- Description: ဖိလစ်ပိုင်လူမျိုး စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက် ဖြစ်ပြီး နယူးဇီလန်နိုင်ငံ အော့ကလန်တက္ကသိုလ်တွင် ဆရာအဖြစ်လုပ်ကိုင်ခဲ့သူ Dr Tony Fernando ရေးသားသည့် Life Hacks from the Buddha: How to be calm and content in a chaotic world စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ကစဉ့်ကလျားဖြစ်နေသည့် ယနေ့ခေတ်ကာလ ကမ္ဘာကြီးတွင် ဘဝကို မှန်ကန်သည့်နည်းလမ်းဖြင့် နေထိုင်ရေးသည် အရေးကြီးရာ ယခုစာအုပ်တွင် ထိုသို့နေထိုင်မည့်နည်းလမ်းများကို ဗုဒ္ဓ၏လောကအမြင်နှင့် သတိပဋ္ဌာန်ကျင့်စဉ်ပေါ်တွင် အခြေခံပြီး ထုတ်ဖော်တင်ပြထားသည်။ ဘဝနေနည်းပေါင်းငါးဆယ်ကို ထုတ်ဖော်တင်ပြထားပြီး မူရင်းစာရေးသူကြုံတွေ့ခဲ့ရသည့် စိတ်ရောဂါသည်လူနာများ၏ ဖြစ်ရပ်မှန်များကိုပါ ထည့်သွင်းရေးသားထားသည်။ စာဖတ်သူအနေဖြင့် စာအုပ်ပါ ဘဝအခြေအနေမျိုးနှင့် ကြုံတွေ့လာက မည်သို့တုံ့ပြန်ပြုမူကျင့်ကြံသင့်ပုံ၊ မိမိကိုယ်မိမိ မေးခွန်းတွေထုတ်ပြီး ဆင်ခြင်သုံးသပ်ရမည့်နည်းလမ်းများ၊ ဘဝမှာ ဘာလုပ်ရမယ်ဆိုတာကို သိရုံဖြင့် မလုံလောက်သေးဘဲ မိမိလုပ်ကိုင်တဲ့အရာကို မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ခံယူချက်နဲ့လုပ်မှသာ လုပ်ဆောင်မှုအောင်မြင်မည် ဖြစ်ပုံ၊ ဗုဒ္ဓကျမ်းဂန်လာ ဘဝနေနည်းတွေကို ကျင့်သုံးရာမှာ ကျင့်ဝတ်သီလစောင့်ထိန်းမှု၊ စေတနာသဒ္ဓါတရား၊ မေတ္တာတရားနှင့် ကရုဏာတရားများ မည်သို့အရေးကြီးပုံ၊ စိတ်ကြောင့်ဖြစ်ပွားတဲ့စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကစဥ့်ကလျားဖြစ်မှုများကို ဗုဒ္ဓ၏ သတိပဋ္ဌာန်ကျင့်စဉ်ဖြင့် မည်သို့ပျောက်ကင်းအောင်ကုစားနိုင်ပုံများကို ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
|
|
|
|