|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာစာပေသမိုင်း
-
-
Author(s):
ဦးဖေမောင်တင်
- Type: Myanmar Books
-
Category:
ဘာသာစကား / ဘာသာဗေဒ
- No of Pages: 364
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 13 cm x 21 cm
|
- Description: ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်နှင့် ကုန်ဘောင်ခေတ်ကာလတို့၌ ရှေးမြန်မာစာဆိုကျော်များ ရေးသားခဲ့သော ကာချင်း၊ ကိုးခန်းပျို့၊ ရတု၊ ကျောက်စာ၊ တေးထပ်၊ တောလား၊ တျာဘွဲ့၊ ပတ်ပျိုး၊ ပျို့၊ ပြဇာတ်၊ ဘောလယ်၊ မော်ကွန်း၊ မေတ္တာစာ၊ ရကန်၊ လေးချိုး၊ လေးဆစ်၊ လင်္ကာ၊ လျှောက်ထုံး၊ ဝတ္ထု၊ သာချင်း၊ အဲချင်း၊ အိုင်ချင်း၊ အဏ်ချင်းနှင့် ဧချင်းများတွင်မှ ထင်ရှား ကျော်ကြားသော လက်ရွေးစင်စာများကို ဆရာကြီးဦးဖေမောင်တင်က နှောင်းခေတ်လူများ နားလည်လွယ်သည့် စကားပြေများဖြင့် ပြန်လည် ရှင်းလင်းထားခြင်းဖြစ်သည်။ မြကန်ကျောက်စာ၊ ဆုတောင်းခန်းပျို့၊ ပါရမီတော်ခန်းပျို့၊ ဥမ္မာဒန္တီပျို့၊ နွားမေတ္တာစာ၊ ရွှေဟင်္သာပျို့အပါအဝင် ထင်ရှားသော စာပေများပါဝင်ကြသည်။ မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း ဖတ်ရှုသင့် ဆောင်ထားသင့်သော စာအုပ်ကောင်းဖြစ်သည်။ စာအုပ်နှင့်ပတ်သက်၍ မောင်ခင်မင် (ဓနုဖြူ)က “ ... ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ခေတ်အစဉ်အဆက် ပေါ်ထွန်းခဲ့သော မြန်မာစာပေသမိုင်းစဉ်ကို သုတေသနပြုထားသော ကျမ်းဖြစ်ပါသည်။ မြန်မာစာပေနယ်ပယ်တွင် အလေးအမြတ် လေ့လာကိုးကားနေရသော ကျမ်းဖြစ်ပါသည် ... ”ဟု လည်းကောင်း၊ မောင်ဇေယျာကလည်း “ ... နှစ်ပေါင်း (၉ဝဝ) ကျော်အတွင်း ပေါ်ထွန်းခဲ့သော စာဆိုပညာရှင်များ၏ စာပေလက်ရာများကို အတ္ထုပ္ပတ္တိအကျဉ်းနှင့်တကွ ဝေဖန်သုံးသပ် အကဲဖြတ်ထားသည်။ မြန်မာစာပေနှင့် ပတ်သက်၍ စာပေစွယ်စုံကျမ်းသဖွယ် အလွန်အရေးပါ၍ ယနေ့တိုင် အားထားရဆဲ ဖြစ်သည်။ ... ”ဟု လည်းကောင်း ညွှန်းဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|