|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- စိတ်ခံစားချက်တွေကို ပိုင်နိုင်စွာ ထိန်းကျောင်းလိုက်ပါ (အပျက်စိတ်တွေကို အထာတကျ ကျော်လွှားနည်းတွေနဲ့အတူ စိတ်ခံစားချက်တွေကို ကောင်းမွန်တည်ကြည်စွာ ထိန်းသိမ်းနိုင်စေမယ့်စာအုပ်)
-
-
Author(s):
လူသာ (အတွေးအမြင်)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 256
- Binding: Paperback
- Publication Month Year: Nov-2025
- Size: 14 cm x 21 cm
|
- Description: Thibaut Meurisse ရေးသားသည့် Master Your Emotions: A Practical Guide to Overcome Negativity and Better Manage Your Feelings စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မွေးကတည်းက မိဘတွေဆီကနေ အမွေတခုအနေဖြင့် ရကိုရခဲ့သင့်သည့် စိတ်ခံစားချက်ဆိုင်ရာ လက်စွဲစာအုပ်ဖြစ်သလို အခြေခံပညာသင်ကျောင်းတွေမှာ သင်ကိုသင်ယူခဲ့သင့်သည့် ဘဝတိုးတက်ရာ တိုးတက်ကြောင်း လမ်းညွှန်စာအုပ် ဖြစ်သည်။ စိတ်ခံစားချက်တွေဆိုတာ ဘာလဲဆိုသည့် အခြေခံအကျဆုံး မေးခွန်းတွေကစလို့၊ အကြောက်စိတ်၊ အရွံ့စိတ်၊ စိတ်ခံစားချက်များ၏ အတိုင်းအတာ၊ ဘယ်လိုစိတ်ဖြစ်နေရင် ဘယ်လိုဖြစ်သွားနိုင်တယ် စသဖြင့် လက်တွေ့လူနေမှုဘဝ၏ စိတ်ခံစားချက်များနှင့် အချိတ်အဆက်တွေအဆုံး စိတ်ခံစားချက်များဆိုင်ရာ အကြောင်းအချက်များကို စာအုပ်တွင် ဖတ်ရှုကြရမည် ဖြစ်သည်။ စာအုပ်ကို ဖတ်ရှုခြင်းဖြင့် စိတ်ခံစားချက်များနှင့် လက်တွေ့ဘဝ ဆက်နွှယ်ပတ်သက်နေပုံ၊ စိတ်ခံစားချက်အမျိုးမျိုး၏ သဘောသဘာဝ၊ ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် အသုံးချနည်း၊ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို ခွဲခြားသုံးသပ်ပြီး ဘဝအပေါ် လောင်းရိပ်အနေဖြင့် လွှမ်းမိုးခြယ်လှယ်တာမျိုး မဖြစ်အောင် မှန်ကန်တည်ကြည်သည့် နေနည်းထိုင်နည်းများ၊ ကိုယ့်ဘဝအပေါ် လွှမ်းမိုးနေသမျှ စိတ်ရိုင်းစိတ်ယုတ်များကို ဖယ်ရှားရှင်းထုတ်ပြီး တိုးတက်ဖွံ့ဖြိုးသည့် လူနေမှုဘဝတစ်ခုရအောင် ဖော်ဆောင်နည်း၊ စိတ်အခြေအနေနှင့် စိတ်ခံစားချက်တွေကို ပြန်လည်ထိန်းကျောင်းပြီး အပျက်သဘောဆောင်တဲ့ စိတ်ရိုင်းစိတ်ယုတ်များကို စိတ်ကောင်းစိတ်သန့်တွေ ဖြစ်အောင် ပြောင်းလဲတဲ့ လက်တွေ့အသုံးကျ နည်းလမ်းများ၊ အကျိုးရှိ အကျိုးပြုတဲ့ စိတ်ကောင်းစိတ်သန့်ဖြစ်အောင် ပြောင်းလဲအသုံးချနည်းများ၊ စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးနှင့် လူနေမှုဘဝတိုးတက်ဖွံ့ဖြိုးရေးကို လက်တွေ့ဖော်ဆောင်နိုင်မယ့် လက်တွေ့အသုံးကျ ဘဝလမ်းညွှန်နည်းလမ်းများကို နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။
|
|
|
|
|
|
|
|
|