|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မြန်မာကျောင်းသားကျောင်းသူများ မိခင်ဘာသာစကားဖြစ်သည့် မြန်မာစာပေ မြန်မာစကားကို သိရှိရန်မှာ အခြေခံအကျဆုံးဖြစ်သည့် သဒ္ဒါပိုင်းဆိုင်ရာများကို သိရှိနားလည်ရန် လိုအပ်သည်။ ထိုသို့ နားလည်နိုင်စေရန်အတွက် ရည်ရွယ်၍ အစိုးရ ပညာရေးဝန်ကြီးဌာနမှ ကျောင်းသုံးဖတ်စာအုပ်များတွင် မြန်မာသဒ္ဒါကို ဘာသာတစ်ခုအနေဖြင့် သင်ကြားပို့ချလျက်ရှိသည်။ ထိုစာအုပ်များတွင် မြန်မာစာသဒ္ဒါကို အခြေခံအကျဆုံးမှ အဆင့်မြင့်ပိုင်းထိ တစ်ဆင့်ချင်းရှင်းလင်းပြထားသည်။ မြန်မာသဒ္ဒါ၏ အခြေခံသဘောတရား၊ သဘောသဘာဝများကို နားလည်၍ မြန်မာစာရေးသားရာ၌ မြန်မာသဒ္ဒါစည်းကမ်းနှင့်အညီ စနစ်တကျရေးတတ်စေရန် ဦးတည်ထားသော စာအုပ်ကောင်းများဖြစ်ကြသည်။ ထိုစာအုပ်များသည် ကျောင်းသားကျောင်းသူများအတွက်သာမက မြန်မာစာပေ ချစ်မြတ်နိုးသူ အဝေးရောက်မြန်မာများ၊ မြန်မာစာပေလေ့လာလိုသူ နိုင်ငံခြားသားများ၊ ဝါသနာရှင်များအတွက် အထူးအထောက်အကူပြုမည့်စာအုပ်များဖြစ်သည်ကို တွေ့ရသည်။ ထိုကြောင့် အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် သင်ကြားနေသည့် ထိုမြန်မာသဒ္ဒါစာအုပ်များကို စုစည်း၍ အခြေခံ မြန်မာသဒ္ဒါဟူသော အမည်ဖြင့် Myanmar Book Shopမှ ရောင်းချပေးနေပါသည်။ အခြေခံ မြန်မာသဒ္ဒါတွင် စုစုပေါင်း ၆ အုပ်ပါရှိပြီး ၅ တန်းမှ ၁ဝ တန်းထိသင်ကြားနေသော မြန်မာသဒ္ဒါစာအုပ်များကို Packageတစ်ခုအနေဖြင့် ရောင်းချခြင်းဖြစ်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|