|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ပြည်မြို့ ဝေပုလ္လာရာမကျောင်းတိုက် ပဓာနနာယက လောကဝိဇ္ဇာဓရ နာနာနယပါရဂူ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လဆရာတော် ကျမ်းစာအုပ်ဖြစ်သည်။ ဆရာတော်က အမှာစာတွင်ရေးသားထားရာ၌ အကျွန်ုပ် စာရေးသူ ကျမ်းပြုဆရာသည် နှစ်ပေါင်းများစွာ လေ့ကျင့်ဆည်းပူးခဲ့သော လောကီပညာရပ်ပေါင်း ထောင်သောင်းမက များစွာမှ အဆီအနှစ်များကို ညှစ်ထုတ်၍ ကမ္ဘာသူ ကမ္ဘာသားများ၊ လောကလူသားများ အလွယ်တကူ သိမြင်နိုင်ကြပါစေရန် ရည်သန်၍ ခက်ခဲထစ်ငေါ့မှု မရှိစေရဘဲ အဓိပ္ပာယ်ကို (လို တို ရှင်း)အဖြစ် အလွယ်ကူဆုံးနည်းများဖြင့် ကျင့်ဆောင်ပွားများ အားထုတ်နိုင်ပါစေခြင်း အကျိုးငှာ ဤသာသနာပြု စကြာဝဠာ သိဒ္ဓိပေါက်ကျမ်းကို ရေးသားပြုစုလိုက်ရပါသည်။ ဟု ရေးသားထားသည်။ စာအုပ်အကြောင်းအရာမှာ ဝိဇ္ဇာဓရ သမ္ဗုဒ္ဓေဂါထာနှင့် ဒေဝမဟိဒ္ဓိ ဒေဝတာ အာရက္ခ သိရသ္မိံဂါထာတို့အား အနက်အဓိပ္ပာယ်၊ ကျင့်စဉ်များနှင့်တကွ အသေးစိတ်ရေးသားထားပြီး ၎င်းအပြင် ကမ္ဘာဓာတ်ကြီးလေးပါးအကြောင်းကို လည်းကောင်း၊ ဓာတ်လေးပါးဂါထာတော်နှင့် အကျင့်အားထုတ်မှု ဝီထိလမ်းအကြောင်းကိုလည်းကောင်း ဖော်ပြထားသည်။ လောကီဝိဇ္ဇာလမ်းကျင့်ကြံလိုသူများအတွက် အထောက်အကူပြုမည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|