|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Louis Allen၏ The Longest War -ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း အရာရှိငယ်တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦး၏ ပြောပြချက်များကို စာအုပ်အဖြစ်ပြုစုထားခြင်းဖြစ်သော်လည်း စာအုပ်၏ ထူးခြားချက်မှာ သမိုင်းအမြင်ကို သူ့ဘက် ကိုယ့်ဘက် မျှမျှတတ လေ့လာပြီးမှ သက်ရှိထင်ရှားရှိသူများကို လေ့လာမေးမြန်း ရေးသားထားခြင်း၊ ဆန္ဒစွဲ ပုဂ္ဂိုလ်စွဲ ဝါဒစွဲ အလွန်နည်းပါးစွာဖြင့် ပြုစုထားခြင်းတို့ဖြစ်သည်။ ၁၉၄၂ ခုနှစ်ကာလများတွင် ဗြိတိသျှတို့ စတင်ဆုတ်ခွာစဉ်က ကာကွယ်ရေးစီမံချက် အားနည်းမှုများ၊ သူတို့အုပ်စိုးခဲ့သည့် ကိုလိုနီနိုင်ငံများတွင် စစ်ဖြစ်လာသောအခါ ကိုယ်လွတ်ရုန်းသွားခဲ့မှုများကိုလည်း အသေးစိတ်မှတ်တမ်းတင်ထားသည်။ ခွာစစ်တွင် ကစဉ့်ကလျား ဆုတ်ခဲ့ရပုံ၊ စစ်တောင်းတံတားတိုက်ပွဲအပါအဝင် ရန်ကုန်၊ ပြည်၊ မန္တလေး၊ မုံရွာ၊ ကလေးလမ်းတစ်လျှောက် တိုက်ပွဲများတွင် ဒုက္ခသုက္ခရောက်ခဲ့ရပုံများ၊ မဟာမိတ်တို့၏ စစ်မဟာဗျူဟာ ချမှတ်မှုနှင့် စစ်ရေးသုံးသပ်မှု မှားယွင်းမှုများ၊ ထိုစဉ်က မြန်မာနိုင်ငံရေးအခြေအနေနှင့် အိန္ဒိယနိုင်ငံရေး အခြေအနေ၊ ဂျပန်တပ်များအပေါ် မြန်မာတို့၏ သံသယ၊ ဂျပန်တို့၏ အင်ဖာထိုးစစ်တွင် မိမိသဘောဖြင့် ဆုတ်ခွာခဲ့သည့် ဗိုလ်ချုပ် ဆာတိုး၏ တပ်မနောက်ဆုံးဇာတ်သိမ်း၊ နောက်ဆုံး လေကြောင်း၊ ထောက်ပံ့မှု၊ အုပ်ချုပ်မှုစနစ် သာလွန်ကောင်းမွန်မှုတို့ကြောင့် မဟာမိတ်တို့၏ အောင်ပွဲခံနိုင်ခဲ့မှုများကို အသေးစိတ်မှတ်တင်ထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|