|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အသက် ၁၀၀ ကျန်းမာပျော်ရွှင်နှင့် အသက် ၆၀ အရွယ်ကောင်း
-
-
Author(s):
မင်းစံအိမ်
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 262
- Binding: Paperback
- Size: 13 cm x 21 cm
|
- Description: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ သတ်မှတ်ထားသည့် ကျန်းမာရေးစံညွှန်းနှင့် ပြည့်မီရေးနှင့် လူ့သက်တမ်းစေ့ရှင်သန်ရေးအတွက် လွယ်ကူစွာလိုက်နာဆောင်ရွက်နိုင်ပြီး အကျိုးရနိုင်မည့် အကြောင်းအရာများကို တရုတ် CCTV၏ ကျန်းမာရေးလမ်းပြကဏ္ဍမှ တင်ဆက်ခဲ့ရာ လူသိများ၍ စိတ်ဝင်စားခြင်း ခံခဲ့ရသည်။ ယခုစာအုပ်သည် ထိုတင်ဆက်မှုများကို ရွေးချယ်စုစည်း၍ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် သက်ကြီးရွယ်အိုအတွက် ကျန်းမာရေးစံညွှန်း၊ နှစ်ခြိုက်စွာအိပ်ပျော်ဖို့၊ ပါးစပ်ကနေ ရောဂါရတာမဖြစ်စေလိုပါ၊ စိတ်ကျခြင်းမှ လွတ်ကင်းအောင်၊ ဟင်းတောင်းထဲက ရန်သူ၊ ကိုယ်ပျောက်လူသတ်သမား သတိထား၊ နွားနို့သောက်ရာတွင် ရှောင်ရမည့်အချက် (၆)ချက်၊ အရက်သောက်ပြီးရင် ထမင်းများများစားပါ၊ သွေးချိုကျစေနိုင်သည့် ဟင်းသီးဟင်းရွက် (၈)မျိုး၊ ပဲပင်ပေါက်ဆို တိုမှကောင်းတယ်၊ နွားနို့နှင့်တွဲ၍မသောက်သင့်သည့် အာဟာရဓာတ်စာ(၄)မျိုး၊ နှလုံးဦးနှောက်ကျန်းမာရေးအတွက် များများစားသင့်သည့် အစာ(၁ဝ)မျိုး၊ လက်ကိုင်ဖုံးသုံးသူများ ဒါတွေသိရဲ့လား၊ ဒီလိုလူများ ကင်ဆာသတိထား အပါအဝင် လူတိုင်းသက်တမ်းစေ့ နေနိုင်ကြစေရန် ဆောင်ရရှောင်ရမည့် ကျန်းမာရေးဆောင်းပါးများ ပြည့်စုံစွာ ပါဝင်သည်။ အသက်ရှည်ရှည်နေလိုသူများ အထူးဖတ်ရှုသင့်သည့် ကျန်းမာရေးဗဟုသုတပေးစာအုပ်ကောင်းဖြစ်သည်။ တရုတ်ဆေးပညာရှင်များ၏ ဆေးပညာဆိုင်ရာ အသစ်တွေ့ရှိချက်များနှင့်တကွ သက်ကြီးရွယ်အိုများ ကျန်းမာပျော်ရွှင်နိုင်စေရန် အကြံပေးချက်များကို ဖတ်ရှုလေ့လာနိုင်ကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|