|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မဟာဂီတနှင့် ပတ်သက်၍ တစ်ချိန်က ဝါသနာရှင်တစ်ဦးအဖြစ် သင်ကြားလေ့လာခဲ့သော စာရေးသူက မဟာဂီတပညာရှင်ကြီးများ၏ မဟာဂီတအကြောင်း ပြောဆိုချက်များကို မှတ်သားပြီး ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ မဟာဂီတပညာပိုင်းကို အဓိကဦးတည် ရေးသားထားခြင်းမဟုတ်ဘဲ မည်သည့်သီချင်းကို မည်သူက၊ မည်သည့်အချိန်၊ မည်သည့်အကြောင်းကြောင့်၊ မည်သို့ရေးခဲ့သည်ဆိုသည်ကို အဓိကရေးသားထားခြင်းဖြစ်သည်။ ရွှေပြည်ဦးဘတင်၊ ဒေါ်စောမြအေးကြည်၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ ဘာဂျာဆရာစိုး၊ စစ်ကိုင်းဦးလှရွှေ၊ စန္ဒရားအေဝမ်းခင်မောင်၊ ရကန်ဦးတင်၊ ပုသိမ်ဒေါ်တင်တင်အပါအဝင် မဟာဂီတပညာရှင် ၃ဝ ကျော်၏ ပြောကြားချက်များကို စနစ်တကျ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဂန္ဓမာတောင်ဘွဲ့နှင့် မဉ္စူသကပန်း၊ မှိုင်းမှုန်ပြာညို၊ ရှင်းရမည့် ကိန္ဒရီချောင်းခြားပတ်ပျိုးများ၊ စုံသာမြိုင်လယ်မှ ဇေယျာရွှေမြေသို့၊ မဲဇာတောင်ခြေ တစ်ဆင်၊ မြင်စိုင်းနှင့် သူ့ရကန်၊ ဂင်စာ၊ ဝန်ထောက်ဦးမောင်မောင်တင်ရှင်းရသည့် အနောက်နန်းတော်ပြဿနာ၊ မဟာဂီတသီချင်းနှင့် ဂီတသင်္ကေတအပါအဝင် မဟာဂီတဆောင်းပါး ၃၂ ပုဒ်ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|