|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ကစ္စည်းဘာသာဋီကာ (အတွဲ ၁)
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 548
- Binding: Paperback
- Publication Month Year: 1995
- Size: 16 cm x 24 cm
|
- Description: ကစ္စည်းကျမ်းသည် မြန်မာပြည်သို့ ရှေးဦးစွာရောက်လာခဲ့၍ ယနေ့ထက်တိုင် တည်မြဲနေသည့် ပါဠိသဒ္ဒါကျမ်းတစ်ခု ဖြစ်သည်။ ကစ္စည်းသဒ္ဒါကျမ်း အလျင်ရောက်လာဟန်ရှိသော မဟာနိရုတ္တိနှင့် စူဠနိရုတ္တိ သဒ္ဒါကျမ်း စသော သဒ္ဒါကျမ်းများသည် ကစ္စည်းသဒ္ဒါလောက်လွယ်ကူစွာ ပါဠိသဒ္ဒါဉာဏ်ကို မပေးနိုင်သောကြောင့် ကွယ်ပျောက် တိမ်ကောသွားကြသည်ဟု ပညာရှင်များ ခန့်မှန်းကြသည်။ ကစ္စည်းသဒ္ဒါကျမ်းသည် ရှေးဦးစွာပေါ်ထွက်ခဲ့သော ပါဠိသဒ္ဒါကျမ်းဖြစ်သည့်အပြင် သူနှင့် ဆက်စပ်သည့် အခြားအဖွင့်ကျမ်းများကလည်း ပြည့်စုံ တောင့်တင်းသောကြောင့် ရှေးဆရာကြီးများလက်ခံခဲ့ကြသည်။ ကစ္စည်းသဒ္ဒါကျမ်း နောက်မှပေါ်သည့် သဒ္ဒါကျမ်းများသည် ကစ္စည်းသဒ္ဒါထက် နောက်ပေါ်ကျမ်းဖြစ်သောကြောင့် ပါဠိ သဒ္ဒါနည်းအရာ စုံလင်သလောက် စုံလင်သော်လည်း ကစ္စည်းသဒ္ဒါက မျက်စိနားကျွမ်းဝင် ယဉ်ပါးနေသည်ကတစ်ကြောင်း၊ ဧတဒဂ် အရှင်ကစ္စည်းဟူသော ဟိတ်အရှိန်အဝါရှိနေသည်ကတစ်ကြောင်း၊ ဇိနဝစနယုတ္တံ ဟိ စသော သုတ်များက အကာအကွယ် ပေးသည်က တစ်ကြောင်းတို့ကြောင့် ကစ္စည်းကျမ်းကို ပျောက်ကွယ်သွားလောက်အောင် မတွန်းနိုင်ကြချေ။ ကစ္စည်းကျမ်းသည် နောက်ပေါ်သဒ္ဒါကျမ်းများလောက်မစုံလင် ခေတ်မမီဟု အပြစ်ပြောကြသော်လည်း ကစ္စည်းကျမ်းကိုသာ သင်ယူလေ့လာပြီး ပိဋကတ် အဋ္ဌကထာ ဋီကာကို မွှေနှောင့် ချောက်ချားနေသူ ပါဠိပိဋကပညာရှင်ကြီးများအထင်အရှား အစဉ်မပျက် ပေါ်ထွက်နေသည် ဖြစ်သောကြောင့်လည်း ကစ္စည်းသဒ္ဒါကျမ်းမှာ ဂုဏ်မနွမ်းနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ကျမ်းပြုဆရာတော် အရှင်ဇနကာဘိဝံသ ကိုယ်တော်တိုင်ပင်လျှင် ဆရာရင်းဖြစ်တော်မူသည့် အဘယာရာမဆရာတော်ကိုယ်တိုင် မြန်မာပြည်သို့ ဆောင်ယူကာနိဿယကျမ်းပြုစုပွဲထုတ်ပေးသည့် မောဂ္ဂလာန် သဒ္ဒါကျမ်း ထင်ရှားရှိနေပါလျက် ကစ္စည်းသဒ္ဒါကျမ်းက မြန်မာပြည်၌ တွင်ကျယ်နေသောကြောင့် ကစ္စည်းအဖွင့်ဘာသာ ဋီကာရေးရကြောင်း ဤကျမ်း၏ နိဒါန်း၌ ဖော်ပြရေးသားထားပေသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|