|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကိုလိုနီခေတ်က ရန်ကုန်မြို့ရှိ ဘုံဘေဘားမားကုမ္ပဏီက ဆင်အုပ်ချုပ်ရေးအရာရှိအဖြစ် ခန့်ထားခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ်ကျော် မြန်မာနိုင်ငံ သစ်တောများအတွင်း သစ်ထုတ်လုပ်ရေးစခန်း အသီးသီးတွင် မြန်မာဆင်များနှင့် လက်ပွန်းတတီး တာဝန်ထမ်းဆောင်ခဲ့သည့် J.H. Williams ရေးသားသည့် Elephant Billကို မြန်မာသစ်လုပ်ငန်း အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ ထိပ်တင်သက်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဆင်အုပ်ချုပ်ရေး အရာရှိနှင့် ဆင်ဆရာဝန်တစ်ပိုင်းဖြစ်နေသော ကုမ္ပဏီဝန်ထမ်း မူရင်းစာရေးသူသည် ဤစာအုပ်တွင် ဆင်ကလေးတစ်ကောင် မွေးဖွားသည်မှ အရွယ်ရောက်လျှင် အလုပ်ခွင်ဝင်ရေး လိမ္မာယဉ်ကျေးလာအောင် ညှပ်သွင်းပညာပေးသင်တန်းပေးပြီး ဆင်ဦးစီးနှင့် တွဲဖက်ဆောင်ရွက်ကြပုံကို အသေးစိတ်ဖော်ပြထားသည်။ ထို့ပြင် တစ်ကိုယ်တော် စွယ်စုံဆင်ကြီးများအကြောင်း၊ ဆင်များ၏ သဘာဝ၊ မုန်ယိုချိန်နှင့် အန္တရာယ်၊ ဆင်များ၏ မေတ္တာနှင့် ဒေါသ၊ ဆင်တို့၏ ဉာဏ်ရည်ဉာဏ်သွေး၊ ဆင်လုပ်အားများနှင့် တောတွင်း တောင်စောင်း လျှိုစောက်ထက်မှ ကျွန်းပင်ကြီးများ၊ လူသားတို့ ခုတ်လှဲပိုင်းဖြတ်ပြီး သစ်လုံးများ ငုတ်ရင်းမှ ချောင်းဖျား မြစ်ဖျားဆိပ်အရောက် ဆွဲယူတွန်းထုတ် အလုပ်မျိုးစုံတွင် အသုံးချပုံများကို သူ၏ မြန်မာပြည်ရောက် ဘဝမှတ်တမ်းတစ်ခုအသွင်ဖြင့် စိတ်ဝင်စားဖွယ် မှတ်တမ်းတင်ထားသည်။ ဤစာအုပ်၏ မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် တစ်စိတ်တစ်ပိုင်းကို ၁၉၅ဝ ပြည့်လွန်နှစ်များက ရန်ကုန်တက္ကသိုလ် ဥပစာတန်းတွင် အခန်းတစ်ခန်းအနေနှင့် ကောက်နှုတ်ဖော်ပြခြင်း ခံခဲ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|