|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကမ္ဘာ့သမိုင်းနှင့်ချီသော မိန်းမများအကြောင်းကို အသေးစိတ် သုတေသန ပြုထားသော စာအုပ်ဖြစ်သည်။ စာအုပ်တွင် မိန်းမများ ကောင်း၍ လူမျိုး၊ တိုင်းပြည် ကောင်းစားခဲ့သည်များကို ဖတ်ရှုရမည်ဖြစ်သလို မိန်းမများ မကောင်းခဲ့မှုကြောင့် တိုင်းပြည်နှင့် လူမျိုး နစ်နာဆုံးရှုံမှုများ ကြုံခဲ့ရပုံကို ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့အတူ မိန်းမတို့ မနော၊ မိန်းမတို့ အကြောကို သိရှိနိုင်အောင်လည်း စာရေးသူက ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးထားသည်။ မိန်းမများ ဘာကြောင့် မိန်းမ ဖြစ်နေကြသနည်း၊ မိန်းမများ မည်သည့် အရွယ်၌ အလှဆုံးဖြစ်သနည်း၊ အတွေ့အာရုံတွင် ခုံမင်စရာ အကောင်းဆုံး မိန်မ၊ မိန်းမများသည် မည်မျှ ရည်ငြိုးဖွဲ့တတ်ကြပါသနည်း၊ မိန်းမများသည် မည်မျှ တော်ကြပါသနည်း၊ မိန်းမမှ မိခင်ဖြစ်က သူတို့၏ မေတ္တာကား အဘယ်မျှ ကြီးမြတ်ပါသနည်း၊ မိန်းမကြိုက်တော့ စိုက်စိုက်လာသည်။ ရန်သူ ခုနစ်သောင်းကို ချေမှုန်းခဲ့သော မိန်းမ စစ်ဘုရင်၊ သင် အိမ်ရှင်မ ပီသသော မိန်းမ ဖြစ်သလား၊ မိန်းမများ မည်မျှအထိ သတ္တိရှိကြပါသနည်း၊ မိန်းမများ မည်သည့်အချိန် အိမ်ထောင်ပြုသင့်သလဲ၊ တိုင်းပြည်တစ်ပြည်ကိုပင် ကယ်တင်နိုင်ခဲ့သော မိန်းမ၊ ဦးတိုးနှင့် တော်စတွိုင်တို့၏ အပျံသင်စ မိန်းကလေးများ၊ ယသော်ဓရာဒေဝီနှင့် ဇနပဒကလျာဏီတို့၏ မိန်းမဘဝ၊ သနားစရာကောင်းသော မိန်းမရိုင်း၊ မာတာနှင့် သားအပါအဝင် မိန်းမအကြောင်းကို ခေါင်းစဉ်ပေါင်း ၃၁ ခုခွဲ၍ အသေးစိတ် သုတေသနပြုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|