|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလ၏ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဖြစ်သည်။ စာအုပ်တွင် ပထမကမ္ဘာစစ်ပြီးစ မြန်မာ့အခြေအနေ၊ လွတ်လပ်ရေးလမ်းစ ပေါ်လာသဖြင့် ရဲဘော်သုံးကျိပ်တို့ ဂျပန်သို့ လျှို့ဝှက်ထွက်ခွာပုံ၊ ရေလမ်း ကုန်းလမ်းခရီးများဖြင့် စွန့်စွန့်စားစား ဒုက္ခဆင်းရဲခံပြီးနောက် ဂျပန်သို့ ရောက်ရှိခဲ့ပုံ၊ ရှန်ဟိုင်း၊ အိုဆာကာ၊ ဟာကိုနီ၊ တိုကျိုမြို့များသို့ ရောက်ရှိစဉ် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များ၊ ဟိုင်နန်ကျွန်းတွင် အပြင်းအထန် စစ်သင်တန်း တက်ခဲ့ရပုံ၊ ဂျပန်သင်တန်းဆရာများအကြောင်း၊ ပြင်းထန်လှသည့် တိုက်ပွဲလေ့ကျင့်ခန်းများ၊ သင်တန်းများ ပြီးဆုံးပြီးနောက် မြန်မာပြည်တွင်းသို့ ဝင်ရောက်လာခဲ့ပုံ၊ ထားဝယ်မြို့ကို သိမ်းပြီးချိန်တွင် တပ်များတိုးချဲ့ဖွဲ့စည်းခဲ့ပုံ၊ ပဲခူးမြို့ကို သိမ်းယူသည့်တိုက်ပွဲများတွင် ကိုယ်တိုင်ကိုယ်ကျ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးသူက “မိမိတို့ခေတ် မိမိတို့အခါတွင် တိုင်းပြည်၏ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရန် အမှန်ပင် တာဝန်ရှိကြောင်း သိရှိနားလည်မည်ဆိုလျှင် ဤစာအုပ် ရေးသားခြင်း၏ ရည်ရွယ်ချက် ပြည့်စုံ ပြီးမြောက်ပြီ ဖြစ်သတည်း”ဟု ဆိုထားသည်။
|
|
|
|
|
|