|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေး
-
-
Author(s):
မောင်ပေါ်ထွန်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 234
- Binding: Paperback
- Publication Month Year: Feb-2013
- Size: 13 cm x 21 cm
|
- Description: အီဂျစ်တော်လှန်ရေးတိုက်ပွဲတွင် ကွယ်လွန်သူ သမ္မတ နတ်ဆာနှင့်အတူ ဦးဆောင်ပါဝင်ခဲ့သူ အီဂျစ်သမ္မတ အန်ဝါဆာဒတ် (Anwar El Sadat) ရေးသားသည့် သမိုင်းဝင် အီဂျစ်တော်လှန်ရေးအကြောင်း စာအုပ်ဖြစ်သော Revolt On The Nile စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သူသည် ဤစာအုပ်ရေးသားခဲ့စဉ်က သမ္မတ မဖြစ်သေးဘဲ စစ်ဘက်တွင် ဗိုလ်မှူးကြီးအဆင့်အဖြစ် လည်းကောင်း၊ အစိုးရအဖွဲ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့စဉ်က ရေးသားခဲ့ခြင်းဖြစ်သည်။ အီဂျစ်တော်လှန်ရေးတွင် ကိုယ်တိုင်ပါဝင်ခဲ့သော တော်လှန်ရေးသမားတစ်ယောက်၏ မှတ်တမ်းဖြစ်သော ဤစာအုပ်တွင် တော်လှန်ရေးကြိုးပမ်းစဉ်ကာလအတွင်း သူဆောင်ရွက်ခဲ့ရသော လုပ်ငန်းများကိုလည်းကောင်း၊ တော်လှန်ရေးကော်မတီတစ်ခုလုံး၏ လုပ်ရပ်များကိုလည်းကောင်း၊ သူတစ်ဗိုလ် ငါတစ်မင်းဖြစ်နေသော တစ်ချိန်က အီဂျစ်နိုင်ငံ၏ နိုင်ငံရေး သပွတ်အူ ဖြစ်ရပ်များကိုလည်းကောင်း ရှုထောင့်စုံမှ သုံးသပ်ရေးသားထားသည်ကို တွေ့ရသည်။ စာအုပ်ကို အီဂျစ်တော်လှန်ရေး မျိုးစေ့ချသည့် အချိန်မှ စ,တင်အခန်းဖွဲ့ထားပြီး တော်လှန်ရေး အောင်ပွဲခံသည့်အချိန်တွင် အဆုံးသတ်ထားသည်။ တစ်နည်းအားဖြင့် လျှို့ဝှက် တော်လှန်ရေးအဖွဲ့ ဖွဲ့သည့်အချိန်မှ စ,တင်လျက် ဖာရောက်ဘုရင်အား နန်းချကာ အီတလီပြည်သို့ ပြည်နှင်ဒဏ်ခတ်ပြီးနောက် အီဂျစ်တော်လှန်ရေးကောင်စီနှင့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်ကြီး နဂွစ်က ဥက္ကဋ္ဌနှင့် သမ္မတဖြစ်လာချိန်တွင် နိဂုံးချုပ်ထားသည်။ ပထဝီအနေအထားအရ အာရပ်ထိပ်သီးနိုင်ငံဖြစ်သည့် အီဂျစ်နိုင်ငံကို ပြင်သစ်စစ်ဘုရင် နပိုလီယံက “အရေးကြီးဆုံးနိုင်ငံ”ဟု ကင်ပွန်းတပ်ခဲ့ကဲ့သို့ပင် အီဂျစ်နိုင်ငံသည် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း ယနေ့တိုင် အရေးပါသော နိုင်ငံဖြစ်နေဆဲ ဖြစ်သည်။ ထိုနိုင်ငံ၏ နိုင်ငံရေး အလှည့်အပြောင်းဖြစ်ခဲ့သည့် တော်လှန်ရေးကာလအကြောင်းကို ဤစာအုပ်မှတဆင့် ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|