|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဆဋ္ဌသံဂါယနာတင်ပွဲ၌ ပါဠိပိဋကတ်ကျမ်းစာများကို သုတ်သင်တည်းဖြတ်ရေးအဖွဲ့ဖြစ်သည့် ပါဠိပဋိဝိသောဓကအဖွဲ့၌ လည်းကောင်း၊ အထွေထွေပါဠိကျမ်းစာများ သုတ်သင်တည်းဖြတ်ရေးအဖွဲ့၌ လည်းကောင်း သာသနာပြုအလုပ်များကို စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက်ခဲ့သူ၊ ပြည်တွင်း၌ တရားစခန်းပွဲများ ဖွင့်လှစ်ခြင်း၊ တရားရိပ်သာများ တည်ထောင်ပေးခြင်းတို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရုံမျှမက အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကနှင့် သြစတြေးလျတိုက်ကြီးများသို့လည်း အပင်ပန်းခံကာ အကြိမ်ကြိမ်ကြွတော်မူ၍ သတိပဋ္ဌာန်ဝိပဿနာတရားများကို ချီးမြှင့်လမ်းညွှန်ပေးခဲ့သူ၊ မိမိကိုယ်တိုင် သီလ, သမာဓိ, ပညာဂုဏ်တို့နှင့် ပြည့်စုံအောင် ကြိုးစားဖြည့်ကျင့်ရုံသာမက တပည့်သာဝက ရဟန်းရှင်လူများကိုလည်း မိမိနည်းတူ ပြည့်စုံရန် အမြဲတစေ ဆုံးမသြဝါဒ မိန့်ကြားလေ့ရှိသူ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ် ဖြစ်သည်။ ယခုပထမတွဲတွင် ဆရာတော် မွေးဖွားခဲ့သည့် ၁၉၂၈ ခုနှစ်မှစ၍ ၂ဝ၁၃ ခုနှစ်အထိ ဆရာတော်၏ ဘဝဖြစ်စဉ်နှင့် သာသနာပြုလုပ်ဆောင်ချက်များ ပါရှိသည်။ ဆရာတော် ငယ်စဉ်အခါက မည်သို့မည်ပုံ ပညာသင်ကြားခဲ့ရပုံများ၊ မဟာစည်သာသနာ့ရိပ်သာ၌ ပရိယတ်လုပ်ငန်းများ ကူညီရရန် အကြောင်းဖန်လာပုံ၊ ရန်ကုန်၌ ချမ်းမြေ့ရိပ်သာကို ဖွင့်လှစ်နိုင်ခဲ့ပုံ၊ နိုင်ငံရပ်ခြား သာသနာပြုခရီးများမှ ရရှိခဲ့သည့် ဒေသန္တရ အတွေ့အကြုံများ၊ နိုင်ငံရပ်ခြားတွင် တရားပြသရာ၌ ရှင်းလင်းစွာ ဟောပြောနိုင်မှုကြောင့် နိုင်ငံခြားသား ယောဂီများ၏ နှစ်ခြိုက်သဘောကျခြင်းကို ခံခဲ့ရပုံ၊ ပြည်တွင်း၌လည်း လယ်ဝေး၊ မှော်ဘီစသည်တို့၌ ရိပ်သာခွဲများ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပုံ၊ တရားစခန်းဖွင့်လှစ်ရာမှ ရရှိခဲ့သည့် အတွေ့အကြုံများကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|