|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: Larry King ရေးသားသည့် Truth Be Toldစာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ CNN ရုပ်သံမှ ထူးခြားသော စကားဝိုင်းများဖြင့် ကမ္ဘာ့ပရိသတ်များကို ဆွဲဆောင်ခဲ့သူ၊ ကမ္ဘာပေါ်မှ နိုင်ငံခေါင်းဆောင်အများအပြားကို တွေ့ဆုံမေးမြန်းခဲ့သူ၊ စကားပြောဆိုရာ၌ လိမ္မာပါးနပ်သူ၊ စကားပြောဆိုရာတွင် ဆွဲဆောင်ပြောဆိုတက်ပြီး ကမ္ဘာကျော် ပုဂ္ဂိုလ်များကိုယ်တိုင် ဂုဏ်ယူစကားပြောခဲ့ရသူ လာရီကင်း၏ ဘဝဖြတ်သန်းမှု မှတ်တမ်းတင်စာအုပ်ဖြစ်သည်။ အသံလွှင့်သမားတစ်ယောက်ရဲ့ လုပ်ငန်းခွင်ဘဝအပြင် သူအင်တာဗျူးခဲ့သည့် ကားလို့စ်၊ ဒေါ်နယ်ထရန့်၊ ဂျွန်းဘွန်းဂျိုဗီ၊ စီလင်ဒီယွန်၊ မာလွန်ဘရန်ဒို၊ အယ်လစ်ဇဘက်တေလာ၊ အယ်လ်ပါစီနို၊ မင်းသားကြီး အန်ထော်နီကွီး၊ ယာဆာအာရာဖတ်၊ အာမာဒီနီဂျက် အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များနှင့် သူ၏ဆက်ဆံရေး၊ ထိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ဘဝအကြောင်းနဲ့ သူတို့အပေါ် ရှုမြင်သည့် သူ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားထားသည်။ ထို့ပြင် သူတွေ့ကြုံခဲ့ရသော နိုင်ငံရေးကိစ္စများ၊ အစ္စရေး ပါလက်စတိုင်းပြဿနာအပေါ် သူ၏အမြင်၊ CNN မှ သူရဲ့ နောက်ဆုံး ရုပ်သံထုတ်လွှင့်မှု စိတ်ခံစားချက်၊ CNN မှ ထွက်ပြီးနောက်ပိုင်း သူစိတ်ဝင်စားတဲ့ လူရွှင်တော်အလုပ်၊ ဟာသအပေါ် ရှုမြင်သုံးသပ်ချက်၊ သူနှစ်ခြိုက်တဲ့ လူရွှင်တော်ကြီးများရဲ့ ဟာသအကြောင်း၊ ကိုယ်တိုင် ဆီးကျိတ်ကင်ဆာခံစားခဲ့ရစဉ်က အတွေ့အကြုံများ၊ ကမ္ဘာပေါ်မှ ဆင်းရဲနွမ်းပါးသူများအတွက် နာမည်ကျော်များနှင့် ပူပေါင်းပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကြိုးစားပြီး ရန်ပုံငွေ ရှာဖွေခဲ့ပုံအကြောင်းများကိုပါ စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|