|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ထောင်အတွင်း (၂၃) နှစ်ပြည့်ရန် (၂) ရက်အလိုနှင့် ကိုယ်တွေ့မှတ်တမ်းများ
-
-
Author(s):
ဂျော်လီထွန်း
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 250
- Binding: Paperback
- Publication Month Year: Jul-2013
- Size: 12 cm x 20 cm
|
- Description: ၈၈ အမျိုးသားအုံကြွမှုကြီးတွင် သာယာဝတီမြို့နယ်ကို ဦးဆောင်ပြီး သာယာဝတီမြီု့နယ် မဟာဗျူဟာ သပိတ်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူလှုပ်ရှားခဲ့မှုပြီး အရေးအခင်းအပြီးတွင် စစ်ခုံရုံးအတင်ခံရ၍ ထောင်ဒဏ် ၅၃ နှစ်ကျခံစေခြင်း ခံရသူ စာရေးသူက သူ၏ ထောင်တွင်းအတွေ့အကြုံများကို စာအုပ်ဖြစ် အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။ သူသည် အင်းစိန်ထောင်၊ သာယာဝတီထောင်၊ သရက်ထောင်များ၌ ၁၉၈၉ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ၂၂ နှစ် ၁၁ လ ၂၈ ရက်တိတိ အကျဉ်းချထားခြင်း ခံရသည်။ ထိုကာလအတွင်း ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားတစ်ဦး၏ သိက္ခာကို စော်ကားမှုများကို နည်းမျိုးစုံဖြင့် ခံခဲ့ရသလို အခြားအကျဉ်းသားများ ရရှိခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အကျိုးကိုလည်း မခံစားခဲ့ရပေ။ သူ ထောင်ကျခဲ့စဉ်က ပြင်ပတွင် အသက် ၂၉ နှစ်သာရှိသေးသည့် ဇနီးနှင့် အသက် ၁ဝ နှစ်သာရှိသေးသော သမီးတစ်ဦးကျန်ရစ်ခဲ့သည်။ ထိုသို့ တန်ဖိုး မဖြတ်နိုင်သော အချိန်, အသက်, သွေး, ချွေး, ဘဝတို့ဖြင့် အရင်းတည်ပြီး ဖန်တီးပြုစုခဲ့ရသော၊ သံခြေကျင်းကို ၁၁ နှစ်တိတိတိုင် အခတ်ခံခဲ့ရသော၊ မယုံကြည်နိုင်ဖွယ်၊ တုန်လှုပ်ချောက်ချားဖွယ်၊ လူသားမဆန်သည့် ရက်စက်နှိပ်ကွက်မှုများ၊ ရှည်လျားလှသော အထီးကျန်ဘဝများ၏ ဆာလောင်မွတ်သိပ်မှုများကို ဤစာအုပ်တွင် အသေးစိတ်ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|