|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: တောင်တွင်းကြီးဇာတိဖြစ်သူ စာရေးသူ စာရေးဆရာအောင်သင်းသည် ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့သို့ ဝင်ရောက်လှုပ်ရှားခဲ့ရာ ထိုမှတဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်ရှိသွားခဲ့ပြီး ခရိုင်စည်းရုံးရေးမှူးအဆင့်တိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့ရသည်။ သို့သော် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန် ၁၉၄၉ ခုနှစ်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရာကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် သရက်ထောင်ကို အဖော်နှစ်ဦးနှင့်အတူ ဖောက်လျက် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ဤစာအုပ်သည် သူနှင့် သူ၏ အပေါင်းပါ ၂ ဦးတို့ သရက်ထောင်ကို ဖောက်၍ ထွက်ပြေးရန် မည်သို့ ကြိုတင်စီစဉ်ခဲ့ပုံ၊ ဖောက်ထွင်းရာတွင် လိုအပ်သည့် ကိရိယာပစ္စည်းများကို မည်သို့ရယူခဲ့ပုံ၊ သရက်ထောင်၏ အနေအထား၊ ထောင်ဖောက်မည့်နေ့က သည်းထိတ်ရင်ဖို အတွေ့အကြုံများ၊ ထောင်မှ ထွက်ပြေးလွတ်မြောက်သော်လည်း ရဲဘော်ဖြူနယ်မြေမှ ထပ်မံလွတ်မြောက်အောင် အကြံထုတ်ရင်း သင်္ကန်းဆီးခဲ့ရပုံ အပါအဝင် သူ၏ တစ်ချိန်က သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ကိုယ်တွေ့ဖြစ်ရပ်မှန် အတွေ့အကြုံများကို ဝတ္ထုဇာတ်လမ်းတစ်ပုဒ်အဖြစ် ရသမြောက်စွာဖြင့် မှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|