|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဓမ္မဒူတ (အတွဲ ၂)
-
-
Author(s):
ဓမ္မာစရိယဦးဌေးလှိုင်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 373
- Binding: Paperback
- Publication Month Year: Feb-1997
- Size: 15 cm x 23 cm
|
- Description: မြန်မာနိုင်ငံ သာသနာ့သမိုင်းတွင် ဒါန, သီလ, ဘာဝနာနှင့် ပတ်သက်၍ မြန်မာတို့၏ ကျင့်စဉ်ဖြစ်ရပ်များကို ဓမ္မာစရိယဦးဌေးလှိုင် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ အတွဲ ၃ တွဲ ခွဲကာ ရေးသားခဲ့ထားပြီး အတွဲတိုင်းတွင် ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာနှင့် သာသနာဝံသကထာဟူ၍ အခန်းအမည်များ ခွဲခြားထားသည်။ ဒုတိယတွဲ၏ ဒါနကထာခန်းတွင် ရှိသမျှ အကုန်လှူသော ပါမောက္ခကြီး၊ မောင်းထောင်သူဌေး ဦးမြရာ၊ မိုးတဝဂူမှ သံတော်ဆင့် မင်းကတော်ကြီး အဘွားသစ်အပါအဝင် ဒါနသူဌေး ၃ ဦးအကြောင်းကိုလည်းကောင်း၊ သီလကထာခန်းတွင် အင်းဝမြို့က ဘုန်းကြီးလူထွက်ဆရာနှင့် ကျောင်းထိုင်ပြိတ္တာ၊ သတ်၍ အသေနိုင်သော ပဉ္စင်းလောင်း ဗိုလ်ချုပ်၊ စစ်တွေမုန်တိုင်းနှင့် ရတနာ ၃ ပါး ကံလှိုင်း၊ အရဟံဂုဏ်တော်ဖြင့် မုန်တိုင်းကို ဖြိုခွင်းသူအပါအဝင် ဖြစ်ရပ်ဆန်းကြယ်များကိုလည်းကောင်း၊ မဂ္ဂကထာတွင် တောပန်း မတင်ကြည်၊ ယောဂီဘုန်းကြီး ဦးပဏ္ဍဝတို့အကြောင်းကို လည်းကောင်း၊ သာသနာဝံသကထာတွင် ဗန်းမောက်မြို့နယ်မှ ရဟန္တာဟု ကျော်ကြားသော အရညဝါသီ ဝေသုက္ခီဆရာတော်၊ ဟန်လင်း သစ်ဆိမ့်ကြီး ဆရာတော် ညီနောင်၊ ဆရာတော် အရှင် ဦးဥတ္တမသာရ၊ မဟာစည် နိုင်ငံခြား သာသနာပြု လုပ်ငန်းနှင့် နိုင်ငံခြားသား ယောဂီများအပါအဝင် သာသနာဝင်မှတ်တမ်းများကိုလည်းကောင်း စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|