|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တစ်ချိန်က တစ်ကမ္ဘာလုံး၏ ချစ်ခြင်းမေတ္တာကို ခံယူခဲ့သော ဒိုင်ယာနာမင်းသမီး၏ သားဖြစ်သည့် Prince Harry ရေးသားသော Spare စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မိခင်ဒိုင်ယာနာ ကွယ်လွန်ချိန်က (၁၂) နှစ်အရွယ်သာရှိသေးသည့် မင်းသားဟယ်ရီသည် နေ့စဉ်ဘဝဖြတ်သန်းမှုအတွက် ရုန်းကန်ခဲ့ရသလို မိခင်သေဆုံးမှုအတွက် စာနယ်ဇင်းတွေ၏ အပြစ်တင်မှုကိုလည်း ခံခဲ့ရသည်။ သူသည်
အသက် (၂၁) နှစ်အရွယ်တွင် ဗြိတိသျှစစ်တပ်သို့ ဝင်ရောက်ခဲ့ရာ တပ်စည်းမျဉ်းစည်းကမ်းများက သူ့ကို ပြောင်းလဲစေခဲ့သည်။ သို့သော် ငယ်စဉ်က စိတ်ဒဏ်ရာများ၊ လက်ရှိဘဝ စိတ်ဖိစီးမှုများကို ခံစားခဲ့ရပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာကို ငတ်မွတ်ခဲ့ရသည်။ နောက်တွင် Meghan နှင့် တွေ့ကာ လက်ထပ်ဖြစ်ခဲ့သည်။ သူနှင့် သူ၏ ဇနီးသည်သည် သူ့မိခင်ကဲ့သို့ စာနယ်ဇင်းများ၏ ဝေဖန်ပြောဆိုမှု၊ လူအများ၏ လူမျိုးရေးခွဲခြားမှုကို ကြုံတွေ့ခဲ့ရကာ နောက်ဆုံးတွင် အင်္ဂလန်နိုင်ငံကို စွန့်ခွာခဲ့ရသည်။ ယခုစာအုပ်တွင် မင်းသား Harry က သူ၏ ငယ်ဘဝဖြတ်သန်းမှု၊ သူ့မိခင်အကြောင်း၊ အင်္ဂလန် တော်ဝင်မိသားစုအကြောင်း၊ မိခင်ကွယ်လွန်ပြီးနောက် ဘဝဖြတ်သန်းမှု၊ တပ်တွင်းအတွေ့အကြုံများ၊ Meghan နှင့် လက်တွဲ၍ ဘဝတစ်ခုတည်ဆောက်ပြီးနောက် ကြုံတွေ့ခဲ့ရသည်များကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
|