|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်း (မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး ၁၉၄၉ - ၁၉၇၅)
-
-
Author(s):
မြသန်းတင့်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 512
- Binding: Paperback
- Publication Month Year: Mar-2024
- Size: 15 cm x 22 cm
|
- Description: မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်းကို ဖြတ်ရဘိသကဲ့သို့ ကြမ်းတမ်းသော ခဲခက်သော နီစွေးသော တရုတ်ပြည်သစ် တည်ထောင်ခန်းကို အချက်အလက်ပြည့်လျှမ်းတဲ့ သမိုင်းစာအုပ်ကဲ့သို့တမျိုး၊
လူ့စရိုက်လူ့သဘော လူ့မနော သရုပ်ဖော် ဝတ္ထုလိုတသွယ်၊ မပျင်းစတမ်း ဖတ်ရမည့် စာအုပ်ဖြစ်သည်။ မော်စီတုန်းနှင့် လျူရှောက်ချီ ဆိုတဲ့ တရုတ်ပြည်၏ ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြားက
လှုပ်ရှား ထန်ပြင်းတဲ့ ပဋိပက္ခများ၊ မာ့က်စ်ဝါဒအလံနီကို အခေါင်အဖျားထိဝှေ့ယမ်းလိုသူနှင့် ကွန်ဖြူးရှပ်ကိုးကွယ်မှု ကျောင်းဆောင်ထဲ ငုပ်လျှိုးကွယ်ပုန်းနေချင်သူတွေရဲ့ ယုံကြည်ချက်ဆိုင်ရာ
လွန်ဆွဲပွဲ (သို့မဟုတ်) လမ်းစဉ်နှစ်ရပ်၏ တိုက်ပွဲအကြောင်း၊ အရှေ့လေနှင့် အနောက်လေ အားပြိုင်မှု၊ ရှေ့သို့ခုန်ပျံကျော်လွှားရေးသမားများနှင့် သမိုင်းနောက်မြီးဆွဲ လူထုလမ်းစဉ်သွေဖီသူများ၏
သဘောတရားရေး လေဆင်နှာမောင်း၊ ဌာနချုပ်ကို အမြောက်နဲ့ ထုချင်သူနှင့် အစဉ်အလာစာအုပ်ကြီးသမားတွေကြားက သည်းထန်သော နိုင်ငံရေး မိုးသက်မုန်တိုင်းအကြောင်း၊ ၁၉၇၅ - ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်စေသည့် အကြောင်းဗျုပ္ပတ်ကို စာအုပ်တွင် အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။ ညီညွှတ်သောတော်လှန်ရေးသမား အချင်းချင်းကြားက တော်လှန်ရေးအောင်ပွဲခံပြီးနောက် ဖြစ်ပျက်ခဲ့သည့် 'အာဏာပြဿနာ’ကို ထောင့်စေ့‚ ကွက်စေ့ ချက်ကျ လက်ကျ သရုပ်ဖော်ထားသော စာအုပ်ဖြစ်သည်။
|
|
|
|
|
|