|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကမ္ဘာ့အနုပညာရှင်များ၊ နိုင်ငံရေးသမားများ၊ စစ်ပါရဂူကြီးများလည်းဖြစ်၊ ဆိုးသည့်နေရာတွင် ကမ္ဘာ့ဆိုးပေကြီးများဟုလည်း သမုတ်၍ရသော နပိုလီယံ၊ ရပ်စပြူတင်၊ ဟောရေးရှိုးနယ်လဆင်၊ ဘင်ဗင်နုတို ဆယ်လိနီ၊ အယ်လိတ်ဇင်းဒါးပုတ်ပ်၊ ပထမ အယ်လီဇဘတ်၊ ကတ်ဆာနိုးဗား၊ လီပို၊ ဂျော့ဘားနပ်ရှော၊ ဝီလျံရှိတ်စပီးယား၊ ပါစီ-ဗီရှိ-ရှယ်လီ၊ နီရိုးဘုရင်၊ ကလီယိုပက်တရား၊ ဂျော့-ဂေါ်ဒန်-ဘိုင်ရွှန်၊ ဆယ်မြူယယ်လ် တေလား-ကောဘားရစ်ချ်၊ ဆာ ဝေါလ်တာစကော့၊ ဖရန် ရွှဗီလွန်နှင့် ရောဘတ် ဘန်းတို့အကြောင်း မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ သူတို့၏ ကောင်းကွက် ကောင်းချက်များကိုသာ သိထားသူများအတွက် ယခုစာအုပ်ပါ ဆိုးချက်များသည် အံ့အားသင့်စေမည့် အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ စာရေးသူက “ကမ္ဘာကျော် ဆိုးပေကြီး တော်တော်များများရှိသည်။ ယင်းတို့သည် သက်ဆိုင်ရာဌာနများတွင် အထူးထင်ရှားသော ပုဂ္ဂိုလ်ကြီးများပေတည်း။ ယင်းတို့၏ ဆောင်ရွက်မှုကြောင့် လူ့လောကတွင် တိုးတက်မှု များစွာ ပေါ်ထွန်းရသည်။ သူတို့ကြောင့် ကမ္ဘာကြီးသည် ယဉ်ကျေးမှုအဆင့်အတန်း တိုးတက်သည်။ ပို၍ သာယာလာသည်။ သူတို့ကြောင့်လည်း ဆိုးသော အဖြစ်မျိုး ကြုံကြိုက်ရသည်။ သူတို့၏ လုပ်ဆောင်ချက်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထူးခြားလှပေသည်။ ဆိုးပေကြီးများကြောင့်သာလျှင် ထူးခြားချက်များ အပြိုင်းအရိုင်း ပေါ်ထွန်းလာရပေးသည်။ ဆိုးပေကြီးများကြောင့်သာလျှင် ကမ္ဘာကြီး လည်နေရသည်ဟု ဆိုရပေမည်။”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|